the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် CTME တုပ်ကွေးရောဂါစာတမ်း ခေါင်းစဉ်ဖြင့် ကျင်းပခြင်း

ရခိုင်ပြည်နယ် စစ်တွေမြို့ခုတင် (၅၀)ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ်  CTME တုပ်ကွေးရောဂါစာတမ်း ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ခုတင် (၅၀)ဆံ့တိုင်းရင်းဆေးရုံ၌ ၃၁-၁-၂၀၂၃ ရက်နေ့တွင်ကျင်းပခဲ့ပါသည်။ သဘာပတိအဖြစ် ပြည်နယ်ဦးစီးဌာနမှူး ဒေါ်သိန်းသိန်းဦးက ဆောင်ရွက်ပြီး ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခင်လင်းရွှေ က တုတ်ကွေးရောဂါ စာတမ်း ကို ဖတ်ကြားတင်ပြကာ စစ်တွေမြို့နယ် ဒုတိယတိုင်းရင်းဆေးမူး ဦးသိန်း‌ဌေးအောင် က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပါသည်။

အခမ်းအနားသို့ တိုင်းရင်းဆေးပညာကိုစိတ်ဝင်စားသူ စုစုပေါင်း(၁၅)ဦး တက်ရောက်ခဲ့ပြီး  စာတမ်းနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်း၊ ဆွေးနွေးဖြေကြားခြင်းနှင့် အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ