ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေ နှင့် ဆေးခန်းအကူ ဒေါ်ဝေမာလွင်သန်း တို့သည် ၂၆.၁.၂၀၂၃ ရက်နေ့တွင် ပြည်မြို့ ခေတ္တရာ ဘိုဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား (၈) ဦး မ(၅) ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသပေးခဲ့ပါကြောင်းသိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။