တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြိတ်ခရိုင်တိုင်းရင်းဆေးဆရာအသင်း တို့ပူးပေါင်း၍ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် CTME တုပ်ကွေးရောဂါစာတမ်း ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားကို မြိတ်(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ၂၇-၁-၂၀၂၂၃ ရက်နေ့တွင်ကျင်းပခဲ့ပါသည်။ သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဗဟိုအဖွဲ့ဝင်ဆရာကြီးဦးတင်ဝင်းမှ ဆောင်ရွက်ပြီး ခရိုင်တိုင်းရင်းဆေးမှူးဆရာမဒေါ်ဝါဝါက တုပ်ကွေးရောဂါစာတမ်းဖတ်ကြားတင်ပြပါသည်။
အခမ်းအနားသို့ တိုင်းရင်းဆေးပညာကိုစိတ်ဝင်စားသူများမှ စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်း၊ ဆွေးနွေးဖြေကြားခြင်းနှင့် အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။