the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဖြင့်ကွင်းဆင်းဆေးကုသခြင်းနှင့်ပညာပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ ရန်ကုန်မှ ဆရာ/ဆရာမများသည် ၂၃.၁.၂၀၂၃ ရက်နေ့တွင် ဗဟန်းမြို့နယ်ရှိ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ ရာတွင် အမျိုးသမီး( ၂၈) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာဟောပြောခြင်းနှင့် လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်