ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် တိုင်းဆေးကုဌာနမှ မြိုနယ်တိုင်းရင်းဆေးမှူး ဒေါ်ညိုညိုသန့် ဦးဆောင်သောအဖွဲ့သည် (၁၆-၁-၂၀၂၃) ရက်နေ့မှ(၂၀-၁-၂၀၂၃)ရက်နေ့ထိ ရွှေပန်းမြိုင်တရားစခန်း၌ ကွင်းဆင်းဆေးကုသခဲ့ရာ ယောဂီစုစုပေါင်း (၁၃၃)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရပါသည်
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။