ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ နေပြည်တော်မှ ဒုတိယဆေးရုံအုပ် ဦးလှမော် ဦးဆောင်သောအဖွဲ့၀င် (၈) ဦးသည် ပျဉ်းမနားခရိုင် ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်အုပ်စု ကူးတို့ဆိပ်ကျေးရွာ၌ တိုင်းရင်းဆေးပညာဖြင့်အခမဲ့ကွင်းဆင်းဆေးကုသခဲ့ရာ လူနာ (၁၀၅)ဦး အား နံနက်(၉)နာရီမှ (၁၂)နာရီထိ ဆေးကုသမှုပေးခဲ့ပါသည်။ ထို့အပြင် တိုင်းရင်းဆေးပညာအရ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့်ပတ်၀န်းကျင်သန့်ရှင်းရေးခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး မျက်နှာ အကာ mask နှင့် တိုင်းရင်းဆေးပညာပေးလက်ကမ်းစာစောင်များဝေငှခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါ သည်။