the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဖြင့်ကွင်းဆင်းဆေးကုသခြင်းနှင့်ပညာပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်ဥက္ကံမြို့ (တိုက်​​ကြီး​မြို့နယ်) တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးစောမင်းထွန်း ဉီးဆောင်သောအဖွဲ့သည် ၂၀.၁.၂၀၂၃ ရက်နေ့တွင် ဦး​အောင်ဇေယျရပ်ကွက်(၉၈) မူလမိုးကုတ်ဓမ္မရိပ်သာ (COVID-19) ရောဂါကာကွယ်ခြင်းအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ခံစားဖြစ်ပွားနေသောရောဂါများကို တိုင်းရင်းဆေးဝါးများဖြင့် လူနာကျား(၅)ဦး၊ မ(၁၉)ဦး စုစုပေါင်းကုသလူနာ(၂၄)ဦးတို့အား အခမဲ့ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း