ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ ရန်ကုန်မှ ဆရာ/ဆရာမများသည် ၁၈.၁.၂၀၂၃ ရက်နေ့တွင် မရမ်းကုန်းမြိုနယ် သက်ကြီးရွယ်အိုများနေ့ပိုင်း စောင့်ရှောက်ရေးဂေဟာ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ ရာတွင် အဘိုး၊အဘွား (၃၈)ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်းသိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။