ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ကုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ မန္တလေးမှ ဒုတိယဆေးရုံအုပ်နှင့် ပြင်ပလူနာဌာနမှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သိင်္ဂီထွန်း၊ တိုင်းရင်းဆေးမှူး ဦးစောယုသန်းနှင့်ဆရာမများ၊ အလုပ်သင်ဆရာမများနှင့်အဖွဲ့သည် ၁၅.၁.၂၀၂၃ ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် မြန်ပြည်သာကျေးရွာအုပ်စု မေတ္တာဝေစည်ကမဌာန်းကျောင်း (၃)မိုင်၌ ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေး ဟောပြောပွဲများပြုလုပ်ခဲ့ပြီး လူနာ(၇၈)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။