the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဖြင့်ကွင်းဆင်းဆေးကုသခြင်းနှင့်ပညာပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၃.၁.၂၀၂၃)ရက်နေ့တွင် အ-မ-က(၁) အနောက်ပိုင်း ရပ်ကွက် ပန်းတနော်မြို့၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ  ကျား(၅၀)ဦး၊ မ (၁၀၀)ဦး လူနာစုစုပေါင်း  (၁၅၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းနှင့် ဝမ်းကိုက်ရောဂါအကြောင်း ပညာပေးဟောပြောရာတွင် တက်ရောက်သူ  ကျား(၁၀၀)ဦး၊ မ (၁၀၀)ဦး စုစုပေါင်း (၂၀၀)ဦးရှိပါကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်