ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် (၁၆)ခုတင် ဆံ့တိုင်းရင်းဆေးရုံမှ (၁၂.၁.၂၀၂၃)ရက်နေ့တွင် အမှတ်(အမှတ်၅၃၄) တပ်တွင်း အ.မ.ကစာသင်ကျောင်း၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျောင်းသား(၄၅)ဦး ကျောင်းသူ (၃၃)ဦး လူနာစုစုပေါင်း (၇၈)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ကျန်းမာစေကြောင်းနည်းလမ်းကောင်းများအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြောခဲ့ ရာတွင် တက်ရောက်သူဦးရေ (၉၈)ဦး ရှိကြောင်းသိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။