ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၃/၂၀၂၁) ၏ဆုံးဖြတ်ချက်အရ (၁.၁၂.၂၀၂၂)မှ (၃၁.၁၂.၂၀၂၂)အထိခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) (၂) စောင်အား ထုတ်ပြန်ကြော်ငြာ အပ်ပါသည်။
ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ ကတ်ပြားထုတ်ယူရန် တိုင်းဒေသကြီး/ပြည်နယ်များက အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) ကတ်ပြား များကို ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။