the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ဖြူးတိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ၆-၁-၂၀၂၃ ရက်နေ့တွင်  ပဲခူးတိုင်းဒေသကြီး ဖြူးတိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းသည် မြို့နယ်တိုင်းရင်းဆေးခန်းမှ ဆေးခန်းမှူး ဆရာမဒေါ်ဝင်းဝင်းအေးနှင့်ပူးပေါင်း၍  ဖြူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ ရွာတန်းရှည်မူလွန်ကျောင်း၌ ကျောင်းသူ/ကျောင်းသား(၁၅၀)ဦးခန့်အား အဖျားရောဂါအကြောင်းနှင့် တကိုယ်ရည်သန့်ရှင်းရေးအကြောင်း၊ အအေးမိနှာစေးရောဂါအကြောင်းပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား(၈)ဦးနှင့်ကျောင်းသူ(၁၂)ဦးအား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်