the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဖြင့်ပညာပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ၆-၁-၂၀၂၃ရက်နေ့တွင် တောင်းတွင်းကြီးမြို့အ.ထ.က(၂)နှင့် အ.ထ.က(၃)တို့၌ မကွေးတိုင်း ဒေသကြီး တောင်းတွင်းကြီးမြို့နယ် တိုင်းရင်း‌ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့်သည် ပြည်ထောင်စုနေ့အကြိုအဖြစ် တိုင်းရင်းဆေးဝါးသုံးစွဲသူများ သိကောင်းစရာများအ‌ကြောင်းကို ဟောပြော ခဲ့ကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်