the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဖြင့်ကွင်းဆင်းဆေးကုသခြင်းနှင့်ပညာပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ၇၊၁၊၂၀၂၃ ရက်နေ့တွင် သန်လျင်မြို့နယ် သဘာဝတရားရိပ်သာ၌ တောင်ပိုင်းခရိုင် တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေ ဉီးဆောင်ပြီး သန်လျင်မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်း၊ ကျောက်တန်းမြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင်၊ ခရမ်းမြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်၊ တံတားမြို့နယ်တိုင်းရင်းဆေးမှူး ဉီးအောင်ဟိန်းသူ၊ ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိုင်းရင်းဆေးမှူး ဒေါ်အိအိဖြိုး၊ ဒလမြို့နယ်မှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ညိုညိုသင်းတို့နှင့်အတူ သန်လျင်မြို့နယ် သဘာဝတရား ရိပ်သာသို့ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်း ဆေးကုသ ပေးခဲ့ပြီး လေငန်းရောဂါဖြစ်ရခြင်းအကြောင်းနှင့် လေရောဂါမဖြစ်အောင် ဆောင်ရန် ရှောင်ရန်တို့ကို သဘာဝတရားရိပ်သာရှိလူနာ (၅၀)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အသိပညာပေး ဟောပြောပို့ချခဲ့ပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် တိုင်းရင်းဆေးပညာဖြင့် ဒူးနာ၊ ခါးနာ၊ သွေးတိုး၊ဆီးချို၊ ကျီးပေါင်းရောဂါများ၊ လေငန်းလေဖြတ် ရောဂါတို့ကို ဆေးကြပ်ထုပ်ထိုးခြင်း၊ vibrator ပေးခြင်း၊ ray ပေးခြင်း၊ အကြောပြင်ကုသပေးခြင်းတို့ဖြင့် ကုသပေးခဲ့ရာ လူနာ ကျား (၁၇)ဦး မ (၄၄)ဦး စုစုပေါင်း (၆၁)ဦးတို့အား အခမဲ့ ဆေးကုသပေးခဲ့ကြပါသည်။ အဆိုပါကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာတွင် စကြာမင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် ထိရင်လန်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးတို့မှ တိုင်းရင်းဆေးဝါးများ ပေးပို့လှူဒါန်းခဲ့ပါကြောင်းသိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ