ပဲခူးတိုင်းဒေသကြီး၊ ကြိုပင်ကောက်မြို့၊ ၁၆ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်ဆွေဇင်ဖြိုးဦး ဆောင်သောအဖွဲ့သည် ၁၆-၁၂-၂၀၂၂ ရက်နေ့တွင် ရွှေကြို့မြေဘိုးဘွားရိပ်သာ၌ ကွင်းဆင်း၍ ကျား (၁၁)ဦး၊ မ(၁၃)ဦး စုစုပေါင်း(၂၄)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ခဲ့ပါကြောင်း သိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။