the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တိုင်းရင်းဆေးကုဌာတို့မှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေဦးဆောင်ပြီး တောင်ပိုင်းခရိုင် တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေနှင့်အတူ ဒလမြို့နယ်တိုင်းရင်းဆေးမှူး ဉီးတင်ဖြိုးအောင်၊ သန်လျင်မြို့နယ် တိုင်းရင်းဆေးခန်းမှူး ဒေါ်ဝါဝါလင်း၊ ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ညိုညိုသင်း၊ ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးတို့နှင့်အတူ ၁၃၊၁၂၊၂၀၂၂ရက်နေ့တွင် ဒလမြို့နယ် မစိုးရိမ်ကျောင်းတိုက်၌ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ခရိုင်တိုင်းရင်းဆေးမှူးမှ ကံ၊ စိတ်၊ ဉတု၊ အာဟာရအကြောင်းနှင့် ရောဂါဖြစ်ပွားလျှင်ဆောင်ရန် ရှောင်ရန်တို့ကို ဒေသခံမြို့သူ မြို့သား စုစုပေါင်း (၄၅)ဦးတို့အား အသိပညာပေးဟောပြောပို့ချခဲ့ပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

ထို့နောက် တိုင်းရင်းဆေးဖြင့် ဒူးနာ ခါးနာ သွေးတိုး ဆီးချို မီးယပ် လေဖြတ်လေငန်း ကျီပေါင်းရောဂါတို့အား ကုသ ပေးခဲ့ရာ လူနာ ကျား(၁၈)ဦး မ(၅၃)ဦး စုစုပေါင်း (၇၁)ဦးတို့အား အခမဲ့ဆေးကုသပေးခဲ့ကြကြောင်းနှင့် အဆိုပါ ကွင်းဆင်းဆေးကုသမှုသို့ စကြာမင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် ထိရင်လန်းတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးတို့မှ တိုင်းရင်းဆေးဝါးများ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ