ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ်( ၃ / ၂၀၁၇)
စာအမှတ်၊ တဆပ/ဆေးဝါး-မှတ်/၂၀၁၇( ၂၀၃ )
ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်
အကြောင်းအရာ ။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး(၂/၂၀၁၆)၏ ဆုံးဖြတ်ချက်အရ
လိုအပ်ချက်စာရင်းထုတ်ပြန်ခြင်း။
၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ၏ (၁၉-၈-၂၀၁၆)ရက်နေ့တွင် ကျင်းပပြု လုပ်သော အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၆) ဆုံးဖြတ်ချက်များအရ တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်)-(၆၅)စောင်၏ လိုအပ်ချက်စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့်နေ့ရက်မှစတင်၍ (၃)လအတွင်း သက်ဆိုင်ရာလိုအပ်ချက်များကို ပေးပို့ ဆောင်ရွက်ရန် အသိပေးအပ်ပါသည်။
၃။ ဤကြော်ငြာစာအမှတ်ကို ရည်ညွှန်း၍ ပိုင်ရှင် (သို့မဟုတ်) ကြီးကြပ်သူမှ လက်မှတ်ရေးထိုး၍ ပြင်ဆင်တင်ပြစာ၊ ပြင်ဆင်ပြီး တံဆိပ်(၃)စုံ၊ အခြားလိုအပ်ချက်များနှင့်အတူ စာဖြင့် ပြန်လည် ပေးပို့ရမည် ဖြစ်ပါသည်။
ဥက္ကဌ(ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ အတွင်းရေးမှူး)
ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ
မိတ္တူကို-
၁။ ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၂။ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၃။ ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)
၄။ ပြည်နယ်/တိုင်းဒေသကြီးဦးစီးဌာနမှူးများအားလုံး
(သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ ဆက်လက်အကြောင်းကြားရန် ညွှန်ကြားချက်ဖြင့်)
၅။ ရုံးလက်ခံ
၆။ မျှောစာတွဲ