ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် ၂၈•၁၁•၂၀၂၂ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စောကလျာမျိုး ဦးဆောင်၍ တောင်ဥက္ကလာပမြို့နယ် (၁၁)ရပ်ကွက်၌ ကွင်းဆင်းဆေးကုသခြင်းနှင့် ဆောင်းရာသီတွင်ဖြစ်တတ်သောရောဂါများနှင့်ဆောင်ရန်/ရှောင်ရန်များကို ဟောပြောခဲပြီး လူနာစုစုပေါင်း (၃၅)ဦး အားဆေးကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။