the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကချင်ပြည်နယ် တိုင်းရင်းဆေးပညာဦစီးဌာန ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် “အနာ့ပဆုပ်နာ” ခေါင်းစဉ်ဖြင့် CTMEအခမ်းအနားကျင်းပခြင်း

အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဗဟိုအလုပ်အမှုဆောင် ဒေါ်ကြည်ဌေးကဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှုးအဖြစ် လ/ထတိုင်းဆေးမှုး ဒေါ်မြမဥ္ဇူ က ဆောင်ရွက်ခဲ့ပါသည်။ မိုးညှင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဦးအောင်ထွန်းက "အနာ့ပဆုပ်ရောဂါ" စာတမ်းအား ဖတ်ကြားတင်ပြခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းရင်းဆေးပညာကိုစိတ်ဝင်စားသူများ စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ပြီး စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်း၊ ဆွေးနွေးဖြေကြားခြင်းနှင့် အတွေ့အကြုံများကို မျှဝေ ဆွေးနွေးပြီး ညနေ ၄:၀၀ နာရီတွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ