the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် “အနာ့ပဆုပ်နာ” ခေါင်းစဉ်ဖြင့် CTMEအခမ်းအနားကျင်းပခြင်း

အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းခွဲ(နေပြည်တော်)မှ ဥက္ကဋ္ဌ ဆရာကြီးဦး‌နေအောင်က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းမြတ်ပန်း အိသွယ်က ဆောင်ရွက်ခဲ့ပါသည်။ အနာပေါက်ရောဂါကုဌာနမှ အကြီးတန်းတိုင်းရင်းဆေးမှူး ဦးစံလင်းက "အနာ့ပဆုပ်ရောဂါ" စာတမ်းအား ဖတ်ကြားတင်ပြခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်းခွဲ(နေပြည်တော်)မှ ဆရာ/ဆရာမများ၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ ဆရာ/ဆရာမများ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဖွံ့ဖြိုးရေးဌာနခွဲမှ လ/ထညွှန်ကြားရေးမှူးနှင့် တိုင်းရင်းဆေး ပညာကိုစိတ်ဝင်စားသူများ စုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့ပြီး စာတမ်းနှင့်ပတ်သက်၍ သိလို သည်များကို မေးမြန်း၊ ဆွေးနွေးဖြေကြားခြင်းနှင့် အတွေ့အကြုံများကို မျှဝေဆွေးနွေးပြီးနောက် ညနေ ၄:၃၀ နာရီတွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ