the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြိုနယ် တိုင်ရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း၍ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြိုနယ် တိုင်ရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည်  ၂၄.၁၁.၂၀၂၂ ရက်နေ့ တွင် သက္ကယ်ချောင်းကျေးရွာ၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှူဆောင်ရွက်ရာတွင် ကျား (၇) ဦး၊ မ (၂၁) ဦး စုစုပေါင်း(၂၈) ဦးအားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှူပေးခဲ့ပြီး မီးဖိုချောင်သုံးဆေးဘက်ဝင်ပစ္စည်းများ အသုံးပြုပုံအကြောင်း သိကောင်းစရာကျန်းမာရေးအသိပညာပေး ဟောပြောခြင်းအား (၁၇)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း