ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် မန္တလေးတိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမန္တလေးမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိန်းထိုက် ဦးဆောင်၍ အကြီးတန်းတိုင်းရင်းဆေးမှူးဒေါ်ချိုချိုမြင့်၊ တိုင်းရင်းဆေးမှူးဒေါ်ယဉ်မေသန်း ဆရာမများ အလုပ်သင် ဆရာ/ဆရာမများနှင့်အဖွဲ့သည် ၂၁.၁၁.၂၀၂၂ ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၌ အခမဲ့ကွင်းဆင်းဆေးကုသရာတွင် ကလေးငယ် (၆၅)ဦး လူကြီး(၁၃)ဦး လူနာစုစုပေါင်း (၇၈)ဦးအား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။