အဆိုပါ အခမ်းအနားတွင် သဘာပတိများအဖြစ် ပြည်နယ်ဦးစီးဌာနမှူး(ငြိမ်း)၊ ဦးလှစည်မှ ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ၂၅ ခုတင်ဆံ့ ပြည်တိုင်းရင်းဆေးရုံမှ လ/ထတိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်သူ ကဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနား၌ ပန်းတောင်မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ခင်လှတိုးမှ အနာ့ပဆုပ်နာ နှင့် တိုင်းရင်းဆေး ပညာအကြောင်းကို ဖတ်ကြားဆွေးနွေးပြီး တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကာ အခမ်းအနားသို့ တက်ရောက်သူ (၂၂)ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။