အဆိုပါ အခမ်းအနားတွင် သဘာပတိများအဖြစ် အလုပ်အမှု့ဆောင်အဖွဲ့ဝင်၊ ဆရာကြီး ဦးသိန်းဇော် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဆရာမကြီး ဆေးရုံအုပ်ကြီး ဒေါ်မူမူချို၊ ခုတင် (၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်တို့မှ ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး ရန်ကုန်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နှင်းအိအိဖြူ နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စိုးမြတ်စန္ဒာ တို့ကဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန် မှ စာတမ်းရှင် အကြီးတန်း တိုင်းရင်းဆေးမှူး ဒေါ်ချောထက်က အနာ့ပဆုပ်နာ နှင့် တိုင်းရင်းဆေးပညာအကြောင်းကို ဖတ်ကြားဆွေးနွေးပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆရာ/ဆရာမ(၁၆)ဦး၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဆရာ/ဆရာမ(၆)ဦး၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတိုင်းဒေသကြီး ဦးစီးဌာနမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်များမှ ဆရာ/ဆရာမ(၄)ဦး၊ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ/ဆရာမ (၃၀)ဦး စုစုပေါင်း (၅၆)ဦး တက်ရောက် ကာ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။
စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား ဆရာဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ်(၁ဝဝဝဝဝိ/-) နှင့် ဆရာကြီး ဦးခင်မောင်ဝင်း (ရွှေမန်းတောင်တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၅ဝဝဝဝိ/) တို့ကို ဆုချီးမြှင့်ခဲ့ကြပါသည်။
အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာ ဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ပံ့ပိုးကူညီခဲ့ကာ အခမ်းအနားကို ညနေ(၄ : ၀၀)နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။