ဈေးကွက်အတွင်းတွေ့ရှိရသော အာရှရွှေကြယ်အမှတ်တံဆိပ် အဆစ်အမျက်ရောင်ရောဂါ သောက်ဆေးသည် ပင်ရင်းလိပ်စာဖော်ပြမထားခြင်း၊ အခြားဆေး၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင် အမှတ်- TMR နံပါတ်အား ထည့်သွင်းအသုံးပြုထားခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ ဆေးထုပ်တွင်ဖော်ပြထားသော ဆင်တုံးမနွယ်၊ ကွမ်းရွက်နှင့် နနွင်းခါးမတွေ့ရှိခြင်း၊ ဆေးထုပ်တွင် ဖော်ပြမထားသော နံသာဖြူ၊ နံသာနီ၊ ခရေ၊ လေးညှင်း၊ ပဲနံသာ၊ ကွမ်းစားဂမုန်း၊ နွယ်ချို၊ ကံကော်ဝစ္ဆံ တို့ကို တွေ့ရှိရခြင်းနှင့် အနောက်တိုင်းဆေး Paracetamol ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်လျော် ကြောင်း အသိပေးအပ်ပါသည်။