the republic of the union of myanmar

ministry of health

Department of Traditional Medicine

ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သော၊ တိုင်းရင်းဆေးပညာဦးစီးဌာန ရှမ်းပြည်နယ်၏ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေး ရေးအစီအစဉ် “အနာ့ပဆုပ်ရောဂါ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနားကျင်းပခြင်း

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ပြည်နယ်ဦးစီးဌာနမှူး ဆရာမကြီး​ဒေါ်ကြည်ကြည်မြင့်နှင့် တွဲဖက်သဘာပတိအဖြစ် ​ခုတင် (၅၀)ဆံ့တိုင်းရင်း​ဆေးရုံ၊​တောင်ကြီး ​ ဆေးရုံအုပ်၊ ဒေါ်ချိုက ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ မှ ဒုတိယတိုင်းရင်းဆေးမှူး၊ ဒေါ်မြင့်မြင့်စန်း၊ ကဆောင်ရွက်၍ မြို့နယ်တိုင်းရင်းဆေးကုဌာန(ရပ်စောက်မြို့)မှ​ မြို့နယ်တိုင်းရင်း​ဆေးမှူး ဒေါ်ယဉ်ယဉ်မွန်က “အနာ့ပဆုပ်ရောဂါ” စာတမ်းအကြောင်း ဖတ်ကြားတင်ပြဆွေးနွေးခဲ့ပါသည်။

အခမ်းအနားသို့  ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများ၊​တောင်ကြီးခရိုင်၊ (၂၅)ခုတင်ဆံ့ လွိုင်လင် တိုင်းရင်း​ဆေးရုံ၊ ပင်လုံမြို့နယ်၊ကွန်ဟိန်းမြို့နယ်တိုင်းရင်း​ဆေးကုဌာနများမှဆရာ/ဆရာမများနှင့် တိုင်းရင်း​ဆေးပညာ စိတ်ပါဝင်စားသူ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပြီး စာတမ်းနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်း ဆွေး​နွေး၊ဖြေကြားခြင်းနှင့် အတွေ့အကြုံများ မျှဝေဆွေး​နွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ