ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်စိုးလက်မီနှင့် ဆေးခန်းအကူ ဒေါ်စုမြတ်ဝင်းတို့သည် ၁၆-၁၁-၂၀၂၂ ရက်နေ့တွင် ဒိုက်ဦးမြို့ ဖအောင်ဝဲကျေးရွာ အောင်စည်တီး ကျောင်း၌ ဆေးကုသခံလူနာ မ(၁၅)ဦး အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ကုသမှုဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။