the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ပညာပေး ဟောပြောခြင်းနှင့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုး ဦးဆောင်သောအဖွဲ့သည် (၁၆.၁၁.၂၀၂၂) ရက်နေ့ ဗုဒ္ဓဟူးနေ့ နေ့လယ် (၁:၀၀)နာရီမှ (၃:၀၀)နာရီအထိ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်၊ ကန်ဦးဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ သံဃာတော်များ ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား (COVID-19) ရောဂါကာကွယ်ခြင်းအကြောင်း အသိပညာပေး ဟောပြော ဆောင်ရွက်ခြင်းနှင့် ခံစားဖြစ်ပွားနေသောရောဂါများကို တိုင်းရင်းဆေးဝါးများဖြင့် အမျိုးသားလူနာ(၉)ဦး၊ အမျိုးသမီးလူနာ(၂၁)ဦး၊ စုစုပေါင်းကုသလူနာ(၃၀)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ကုသမှုဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း