ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်ဆေးမှူး၊ ဒေါ်ညိုညိုသန့် ၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စောပြညိ့မွန်နှင့်ဆေးခန်းအကူတို့သည် ၁၅-၁၁-၂၀၂၂ ရက်နေ့တွင် ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာ၌ အခမဲ့ကွင်းဆင်းဆေးကုသရာတွင် လူနာစုစုပေါင်(၆၂)ဦးအား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။