the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး မကွေးမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် “အနာ့ပဆုပ်”ရောဂါခေါင်းစဉ်ဖြင့် CTME အခမ်းအနားကျင်းပခြင်း

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် နေ့လယ်(၂:၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနား ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းဒေသကြီးဦးစီးဌာနမှူး(ငြိမ်း) ဦးဝင်းမြင်ဦးနှင့် မကွေးတိုင်းဒေသကြီး တိုင်းရင်း‌ဆေးဆရာအသင်း ဥက္ကဋ္ဌ ဒေါ်တင်တင်အောင် တို့ကဆောင်ရွက်ခဲ့ပြီး ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးဖြိုးညွန့်ဦးက အနာ့ပဆုပ်ရောဂါ စာတမ်းကို ဖတ်ကြားခဲ့ပြီး ဖတ်ကြားတင်ပြဆွေးနွေးပါသည်။

အခမ်းအနားသို့ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ စုစုပေါင်း(၄၆)ဦး  တက်ရောက်ကာ တိုင်းရင်းဆေးပညာဖွံဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြ ပြီး  အခမ်းအနားကို ညနေ ၄၀၀ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ