the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ပညာပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမ(၉)ဦး ပါဝင်သောအဖွဲ့သည် (၁၂.၁၁.၂၀၂၂)ရက်နေ့တွင် ကျောက်ပန်းတောင်း မြို့ရှိ သဒ္ဓမ္မနန္ဒီသီလရှင်ကျောင်း၌  ရောဂါကြီး ၆ မျိုးအကြောင်း  အသိပညာပေးဟောပြောခဲ့ပြီး အမျိုးသား လူနာ (၁)ဦး အမျိုးသမီးလူနာ (၄၉)ဦး စုစုပေါင်း(၅၀)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်