ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် နေပြည်တော် ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(နေပြည်တော်အသင်းခွဲ) တို့ ပူးပေါင်း၍ ဆရာ ဆရာမ(၉)ဦး ပါဝင်သော အဖွဲ့သည် (၁၂.၁၁.၂၀၂၂)ရက်နေ့တွင် နေပြည်တော် ပြည်ထောင်စု နယ်မြေ လယ်ဝေးခရိုင် လယ်ဝေးမြို့နယ် စိုင်ခေါင်းရိုးအုပ်စု ဂုဏ်မင်းအိုင်ကျေးရွာ၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသခဲ့ရာတွင် လူနာ(၉၀)ဦးကို ကုသနိုင်ခဲ့ပြီး ဆရာဦးစောမြတ်ဘုန်းကြွယ်မှ ကိုဗစ်(၁၉) ရောဂါဆိုင်ရာပညာပေးခြင်းနှင့် လေငန်းရောဂါကာကွယ်နည်းကုသနည်းများအကြောင်းကို တိုင်းရင်းဆေးပညာ ဖြင့် ပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။