the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ပညာပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဆရာမဒေါ်ဝင်းဝင်းအေးနှင့် တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းတို့သည် ၁၁-၁၁-၂၀၂၂ ရက်နေ့တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဇေယျဝတီမြို့ အထက(၂)၌ ကျောင်းကျန်းမာရေးပညာပေးဟော‌ပြောခြင်းနှင့် ဆေးကုသမှုပေးခြင်းများဆောင်ရွက်ခဲ့ရာတွင် ကျား(၆၁)ဦး မ(၉၂)ဦးတို့အား  ပတ်ဝန်းကျင်ရှိအပင်များ၏ ဆေးဖက်အသုံးဝင်ပုံ၊ အအေးမိနှာစေးအဖျားရောဂါအ​အကြောင်း၊ ဆောင်ရန်၊ ရှောင်ရန်များအကြောင်း ပညာပေးဟောပြောခဲ့ပြီး ကျား(၂၀)ဦး မ(၂၈)ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်