ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ၁၆ ခုတင် ဆံ့ တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းတို့သည် ၁၁-၁၁-၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇေယျဝတီ အထက(၁)၌ ပညာပေးဟောပေးဟောပြောရာတွင် ကျား (၄၅) ဦး၊ မ (၁၀၃)ဦးအား ဆောင်းရာသီတွင်ဖြစ်တတ်သောရောဂါအကြောင်းနှင့် ဆောင်ရန်ရှောင်ရန်များအကြောင်း ဟောပြောခဲ့ပြီး ကျား(၂၀)ဦး၊ မ(၂၃)ဦးအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ဆေးကုသမှုပေးခဲ့ကြောင်း သတင်းရရှိပါသည်။