the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် တိုင်းရင်းဆေးကုဌာနမှ  မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ဖြူဖြူဥနှင့်  မြို့နယ်တိုင်းရင်းဆေးဆရာအသင်းမှ ဆရာဦးကျော်မြင့် ဦးဆောင်သော ဆရာ/ဆရာမ၅ဦးပါဝင်သော ဆေးကုသရေးအဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်(၄၂)ရပ်ကွက်ရှိ ၊မဟာဂန္ဓာရုံကျောင်းတိုက်၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးကုသပေးရာတွင် ဆေးကုသခံယူသူ ကျား(၁၅)ဦး မ(၂၇)ဦး စုစုပေါင်း(၄၂)ဦးအား တိုင်းရင်းဆေး ပညာဖြင့် အခမဲ့ဆေးကုသမှုပေးခဲ့ပါကြောင်းနှင့်  တိုင်းရင်းဆေးပညာဖြင့် အရသာ(၆)ပါးကို ညီညွတ်မျှတစွာစားသုံး၍ ကျန်းမာစွာနေထိုင်ရန် ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်