the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ် ၁၆ ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ်  ၁၆ ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆရာမများအဖွဲ့သည် ၄-၁၁-၂၀၂၂ ရက်နေ့တွင် မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းကုသမှုဆောင်ရွက်ခဲ့ရာ ကျောင်းသား(၇၈) ဦး၊ ကျောင်းသူ (၁၀၅)ဦး လူနာစုစုပေါင်း (၁၈၃)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ကြောင်းနှင့် အဆိုပါနေရာ၌ တိုင်းရင်းဆေးပညာသိကောင်းစရာအကြောင်းကို ဟောပြောခဲ့ရာတွင် တက်ရောက်သူဦးရေ (၁၂၀) ဦး ခန့်ရှိကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း