the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများအဖွဲ့သည် ၃-၁၀-၂၀၂၂ ရက်နေ့တွင် ပန်းတနော်မြို့နယ်အ.မ.ကရွာသစ်ကျေးရွာ၌ တိုင်းရင်းဆေးပညာဖြင့် ဝမ်းပျက်ဝမ်းလျောရောဂါ အကြောင်းပညာပေးဟောပြောခဲ့ရာတွင် တက်ရောက်သူ ကျား(၆၀)ဦး၊ မ(၈၀)ဦး စုစုပေါင်း (၁၄၀)ဦး ရှိပါကြောင်းနှင့် ဆေးကုသခံယူသူ ကျား(၅၀)ဦး၊ မ(၅၀) ဦး စုစုပေါင်း (၁၀၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကျန်းမားရေးစောင့်ရှောက်မူ ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်