ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာမများအဖွဲ့သည် ၂၃-၁၀-၂၀၂၂ ရက်နေ့တွင်ကျောက်ဆည်မြို့နယ်ရှိ ပွတ္တိုင်ကျေးရွာ၌ ကွင်းဆင်းဆေးကုသပေးရာတွင် ကျား(၄၀)ဦး၊ မ(၅၆)ဦး လူနာစုစုပေါင်း (၉၆)ဦးအားကျန်းမားရေးစောင့်ရှောက်မူပေးနိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။