ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့် ဦးဆောင်သောဆရာမများအဖွဲ့သည် ၂၀-၁၀-၂၀၂၂ ရက်နေ့တွင် ရွှေစေတီဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသပေးရာတွင် ကျား(၇)ဦး၊ မ(၁၄)ဦး လူနာစုစုပေါင်း (၂၁)ဦးအားကျန်းမားရေးစောင့်ရှောက်မူပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။