the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ပညာပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆရာမများအဖွဲ့သည် ၂၀-၁၀-၂၀၂၂ ရက်နေ့တွင် အ.မ.က မင်းကျောင်း၌ ကွင်းဆင်းဆေးကုသပေးရာတွင် ကျောင်းသားကျား(၇၁)ဦး၊ ကျောင်းသူ မ(၈၆)ဦး လူနာစုစုပေါင်း (၁၅၇)ဦးအားကျန်းမားရေးစောင့်ရှောက်မူပေးနိုင်ခဲ့ကြောင်းနှင့် အဆိုပါနေရာ၌ အအေးမိ နှာစေး ချောင်းဆိုး ရောဂါအကြောင်းကို တိုင်းရင်းဆေးပညာာဖြင့် ပညာပေးဟောပြောရာတွင် တက်ရောက်သူ (၉၇)ဦးအား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်