ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ညိုညိုသန့်၊ လက်ထောက်တိုင်းရင်ဆေးမှူး ဒေါ်စောပြည့်မွန်တို့ပါဝင်သော ဆရာမများ အဖွဲ့သည် ၁၉-၁၀-၂၀၂၂ ရက်နေ့တွင် စံပြကျေးရွာ၌ ကွင်းဆင်းဆေးကုသပေးရာတွင် လူနာစုစုပေါင်း (၄၀) ဦးအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ဆေးကုသပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။