the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသခြင်း

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် ရှမ်းပြည်​တောင်ပိုင်း ရပ်​စောက်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်း​ဆေးမှူး ​ဒေါ်ရင်ရင်မွန် ဦးဆောင်၍ ဆရာမများ ပါဝင်သောအဖွဲ့သည် ၁၉-၁၀-၂၀၂၂ ရက်နေ့တွင် ဗထူးတပ်နယ် နယ်လှည့်​ဆေးကုသ​ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ ပူး​ပေါင်း၍ ရပ်​စောက်မြို့နယ်၊ ဂနိုင်ကြီး​ကျေးရွာ၌ ကွင်းဆင်း​ဆေးကုသပေးရာတွင် ကျား(၁၅)ဦး၊ မ (၄၅)ဦး စုစုပေါင်း (၆၀) ဦးအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ဆေးကုသပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်