ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာမများဦးဆောင်၍ မြို့နယ်တိုင်းရင်းဆေး ကုဌာန မှချမ်းမြေ့ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသပေးရာတွင် ဆေးကုသခံယူသူ ကျား(၉)ဦး၊ မ (၁၃)ဦး စုစုပေါင်း (၂၂) ဦးအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ဆေးကုသပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။