ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု ဖြင့် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်စိုးလက်မီ ဦးဆောင်သော ဆရာမများအဖွဲ့သည် ၁၇-၁၀-၂၀၂၂ ရက်နေ့တွင် ဘလုပ် အမက မူလွန်ကျောင်းသို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကို တိုင်းရင်းဆေးဖြင့် ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ ခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောရာတွင်တက်ရောက်သူ ကျောင်းသာ/ကျောင်းသူ(၁၂၀)ဦးခန့်ရှိပြီး ဆေးကုသခံယူသူ ကျား(၂၅)ဦး ၊ မ (၄၀)ဦး စုစုပေါင်း (၆၅) ဦးအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ဆေးကုသပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။