ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု ဖြင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာမများသည် ၁၈-၁၀-၂၀၂၂ ရက်နေ့တွင် ရေတွင်းကုန်းကျေးရွာရှိ အောင်ချမ်းသာဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ "တကိုယ်ရေ သန့်ရှင်းရေး ပြုဖွယ်(၉)မျိုး ဆောင်ရွက်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူး" တို့ကိုပညာပေးဟောပြောခဲ့ပြီး ကလေး (ကျား) (၉၂) ဦး၊ ကလေး(မ) (၃၁) ဦး စုစုပေါင်းလူဦးရေ (၁၂၃) ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ဆေးကုသပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။