ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် ရန်ကုန်တိုင်းဒေသကြီး ရေတာရှည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေနှင်းသည် ဦးဆောင်သောအဖွဲ့သည် ၁၆.၁၀.၂၀၂၂ ရက်နေ့တွင် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ရေတာရှည်နှင့်ပူးပေါင်း၍ သာသနာ့ဓဇသီလရှင် စာသင်တိုက်သို့သွားရောက်ပြီး သီလရှင်ဆရာကြီ၊ဆရာလေး(၂၄)ပါးတို့အား ကျန်မာရေး စောင့်ရှောက်မှုပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။