၆-၁။ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် ( အသစ်/ သက်တမ်းတိုး ) လျှောက်ထားခြင်းနှင့် ပတ်သက်၍ အခန်းဖွဲ့စည်းပုံ ဓာတ်ပုံများ၊ အဆောက်အဦးတည်ရှိရာ လမ်းညွှန်မြေပုံ၊ နံရံ/ ကြမ်းခင်း/ မျက်နှာကျက်များ ပါဝင်သော ဓာတ်ပုံများဖြင့် တင်ပြရာတွင် အောက်ပါ ရှင်းလင်းချက်များအတိုင်း တင်ပြရန်ကိစ္စ။
• အခန်းဖွဲ့စည်းပုံ (ဆေးဝါးထုတ်လုပ်သော အဆောက်အဦး တစ်ခုလုံး၏ အခန်းအားလုံး ပါဝင်ရန် နှင့် အခန်းများ၏ အလျား x အနံ အတိုင်းအတာများ ပါဝင်ရမည်။)
• အဆောက်အဦးတည်ရှိရာ လမ်းညွှန်မြေပုံ ( တည်ရှိရာ လမ်းညွှန်မြေပုံအား ရှင်းလင်း တိကျစွာ ဖော်ပြရန်)
• ဆေးတိုက်ကို မျက်နှာစာမှ ဓါတ်ပုံရိုက်ရမည်။ နံရံ၊ ကြမ်းခင်း၊ မျက်နှာကျက်များ ပါသောပုံ။ (နံရံ၊ ကြမ်းခင်း၊ မျက်နှာကျက်များ သီးခြားတစ်ပုံခြင်းစီ မဟုတ်ဘဲ နံရံ၊ ကြမ်းခင်း၊ မျက်နှာကျက်များ အားလုံးခြုံငုံပါဝင်သော ပုံ ဖြစ်ရန်)
၆-၂။ ဆေးတဖုံတွင် ပါဝင်သော ဆေးပစ္စည်းများတွင် သကြား ထည့်သွင်း ဖော်စပ်ပါက သကြားပါဝင်မှု (၁၅%)ထက် ကျော်လျှင် “သွေးချိုဆီးချို ရောဂါရှိ သူများ သုံးစွဲရန်မသင့်” ဟူသော စာသားထည့်ရန်။