the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်းမြို့ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသခြင်းနှင့်ပညာပေးဟောပြောခြင်း

၁၅-၁၀-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်းမြို့ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်အမာကြည်နှင့် လ/ထတိုင်းရင်းဆေးမှုး ဒေါ်ခင်ထွန်းဦးတို့ ပါဝင်သောဆရာမများအဖွဲ့သည် ၁၄.၁၀.၂၀၂၂ ရက်နေ့တွင် ပဲနွယ်ကုန်းမြို့ မြို့မသာသနာ့ရိပ်သာကျောင်းမှ စာသင်သားသံယာ(၁၈)ပါးအား တိုင်းရင်းဆေးပညာ အကြောင်းသိကောင်းစရာများကိုလျှောက်ထားခဲ့ပြီး အဆိုပါ သံယာ(၁၈)ပါးအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်