၁၅-၁၀-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းရီ ဦးဆောင်သော ဆရာမများအဖွဲ့သည် ၁၂.၁၀.၂၀၂၂ ရက်နေ့တွင် ဆည်းဆာရိပ်ငြိမ်ဘိုးဘွားရိပ်သာ၌ ဆေးကုသပေးရာတွင် ကျား(၄)ဦး၊ မ(၂၀)ဦး စုစုပေါင်း လူနာဦးရေ (၂၄)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် အဆိုပါနေရာ၌ပင် တိုင်းရင်းဆေးပညာဖြင့် သွေးတိုးရောဂါအကြောင်း အသိပညာပေးဟောပြောခဲ့ရာတွင် ကျား(၄)ဦး၊ မ(၂၀)ဦး စုစုပေါင်း (၂၄)ဦး တက်ရောက်ပါကြောင်း သတင်းရရှိပါသည်။